cyclings.livecyclings.liveMyanmar cycling calendar

NC26 · National Championship 2026

Media Centre

Back

6/9/2026

အမျိုးသမီးပြိုင်ပွဲဝင်များ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း

Women Rider Nomination Request

အမျိုးသမီးပြိုင်ပွဲဝင်များ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း

Women Road Race နှင့် Criterium ပြိုင်ပွဲများအတွက် အမျိုးသမီး Rider များ ပါဝင်ယှဉ်ပြိုင်ရန် ကလပ်နှင့်အသင်းများအား မေတ္တာရပ်ခံခြင်း။

Clubs and teams are requested to nominate women riders for the Road Race and Criterium events.

ယခုနှစ် တံခွန်စိုက်ဖလားပြိုင်ပွဲတွင် အမျိုးသမီးပြိုင်ပွဲဝင်များအတွက် Road Race နှင့် Criterium ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး၊ ထူးချွန်စွာ ယှဉ်ပြိုင်နိုင်သူများအနေဖြင့် စုစုပေါင်း ကျပ်သိန်း ၂၀ ကျော်အထိ ဆုကြေးရရှိနိုင်မည့် အခွင့်အရေးရှိပါသည်။

ယခုတံခွန်စိုက်ဖလားပြိုင်ပွဲသည် အတွေ့အကြုံရှိသော rider များသာမက၊ အရည်အချင်းရှိပြီး ကြိုးစားပြင်ဆင်လိုသော အမျိုးသမီး rider များအတွက်လည်း မိမိစွမ်းရည်ကို ပြသနိုင်မည့် အရေးပါသောအခွင့်အရေးဖြစ်ပါသည်။

အမျိုးသမီးပြိုင်ပွဲကို ပြည့်စုံစွာ ကျင်းပနိုင်ရန်အတွက် မိတ်ဖက်ကလပ်/အသင်းအနေဖြင့် အနည်းဆုံး အမျိုးသမီး rider ၂ ဦး အမည်စာရင်းတင်သွင်းပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Road Race - ၂၆ ဇွန် ၂၀၂၆၊ လှည်းကူး

Criterium - ၂၈ ဇွန် ၂၀၂၆၊ သုဝဏ္ဏ

စာရင်းပေးသွင်းရန် နောက်ဆုံးရက် - ၁၉ ဇွန် ၂၀၂၆

Registration and status - https://cyclings.live

ကျေးဇူးပြု၍ မိမိကလပ်/အသင်းမှ ပါဝင်နိုင်မည့် အမျိုးသမီး rider များကို အမြန်ဆုံး nominate လုပ်ပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် (MCF)