cyclings.livecyclings.liveMyanmar cycling calendar

NC26 · National Championship 2026

Media Centre

Back

6/12/2026

၅ စက္ကန့်ကွာဟမှုကနေ ၂၀၂၇ အိပ်မက်ဆီသို့

Women Cycling: Five Seconds To The 2027 Dream

၅ စက္ကန့်ကွာဟမှုကနေ ၂၀၂၇ အိပ်မက်ဆီသို့

၂၀၂၅ National Cycling Championship မှ ထွက်ပေါ်လာခဲ့သော အမျိုးသမီးအားကစားသမားများ၏ SEA Games အတွေ့အကြုံကို အခြေခံ၍ ၂၀၂၇ SEA Games အတွက် အမျိုးသမီးအသင်းတည်ဆောက်ရန် ဖိတ်ခေါ်ခြင်း။

A call to build Myanmar’s women’s team for the 2027 SEA Games, inspired by the 2025 championship pathway.

🚴‍♀️ ၅ စက္ကန့်ပဲ ကွာခဲ့တယ်...

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် National Cycling Championship မှ ထွက်ပေါ်လာခဲ့သော အမျိုးသမီးအားကစားသမား ၂ ဦးသည် မြန်မာနိုင်ငံကိုယ်စားပြု၍ SEA Games 2025 တွင် ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ပါသည်။

ထိုပြိုင်ပွဲတွင် မြန်မာ့အမျိုးသမီးစက်ဘီးအားကစားသမား Ma Hla Hla Nwe သည် SEA Games Women's Road Race ပြိုင်ပွဲအနိုင်ရသူနှင့် ၅ စက္ကန့်သာ ကွာပြီး အဆင့် ၁၂ နေရာအထိ ရောက်ရှိနိုင်ခဲ့ပါသည်။

ဒါက မြန်မာ့အမျိုးသမီးစက်ဘီးအားကစားအတွက် အရေးကြီးသော သက်သေတစ်ခု ဖြစ်ပါသည်။

အခွင့်အရေးရှိရင်၊ ပြိုင်ပွဲအတွေ့အကြုံရှိရင်၊ စနစ်တကျလေ့ကျင့်နိုင်ရင် မြန်မာအမျိုးသမီးစက်ဘီးသမားတွေဟာ SEA Games စင်မြင့်ပေါ်မှာ ယှဉ်ပြိုင်နိုင်ပါတယ်။

ဒီနှစ်မှာ အမျိုးသမီးပြိုင်ပွဲဝင်များ ပိုမိုများပြားလာမည်ဆိုပါက၊ MCF အနေဖြင့် အမျိုးသမီးစက်ဘီးအားကစားသမားများကို ပိုမိုရှာဖွေ၊ စနစ်တကျလေ့ကျင့်၊ အသင်းအဖြစ် တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

ယခု ၂၀၂၆ ခုနှစ် (၆၄) ကြိမ်မြောက် မြန်မာနိုင်ငံ စက်ဘီး တံခွန်စိုက်ဖလားပြိုင်ပွဲသည် ၂၀၂၇ SEA Games အတွက် မြန်မာအမျိုးသမီးအသင်းကို တည်ဆောက်ရန် အရေးကြီးသော အစဖြစ်ပါသည်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ အမျိုးသမီးစက်ဘီးအားကစားသမားများအား ဖိတ်ခေါ်ပါသည်။

သင် စက်ဘီးစီးတာကို ချစ်တယ်ဆိုရင်၊ ပြိုင်ချင်စိတ်ရှိတယ်ဆိုရင်၊ နိုင်ငံကိုယ်စားပြုအိပ်မက်ရှိတယ်ဆိုရင်၊ ဒီပြိုင်ပွဲက သင့်အတွက် စတင်ရမယ့်နေရာ ဖြစ်နိုင်ပါတယ်။

Women Elite / Open ပြိုင်ပွဲများတွင် Road Race နှင့် Criterium ပါဝင်ပြီး ဆုကြေးကျပ်သိန်း ၂၀ ကျော်အထိ ရရှိနိုင်မည့် အခွင့်အရေးရှိပါသည်။

ပြိုင်ပွဲနေ့ရက် - ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ

စာရင်းပေးသွင်းရန် နောက်ဆုံးရက် - ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်

ပြိုင်ပွဲအချက်အလက်နှင့် Registration Status - https://cyclings.live

၅ စက္ကန့်ကွာဟမှုကနေ ၂၀၂၇ အိပ်မက်ဆီသို့...

မြန်မာ့အမျိုးသမီးစက်ဘီးအားကစားကို အတူတကွ တည်ဆောက်ကြပါစို့။

မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် (MCF)