cyclings.livecyclings.liveMyanmar cycling calendar

NC26 · National Championship 2026

Media Centre

Back

6/19/2026

National Championship 2026 မှတ်ပုံတင်ရန် နောက်ဆုံးနေ့ အသိပေးချက်

Registration Final Day Reminder

National Championship 2026 မှတ်ပုံတင်ရန် နောက်ဆုံးနေ့ အသိပေးချက်

National Championship 2026 အတွက် မှတ်ပုံတင်ခြင်းကို ၂၀၂၆ ဇွန်လ ၁၉ ရက် ညနေ ၄:၀၀ နာရီတွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း အသိပေးခြင်းနှင့် အမျိုးသမီး Rider များ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း။

Registration for National Championship 2026 closed at 4:00 PM on 19 June 2026, with a special call for women riders to take part.

📢 National Championship 2026 မှတ်ပုံတင်ရန် ယနေ့နောက်ဆုံးနေ့

စက်ဘီးအားကစားသမားများအားလုံးအား အသိပေးအပ်ပါသည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့သည် National Championship 2026 ပြိုင်ပွဲအတွက် မှတ်ပုံတင်ရန် နောက်ဆုံးနေ့ ဖြစ်ပါသည်။

Registration ပိတ်မည့်အချိန်မှာ ညနေ ၄:၀၀ နာရီ တိတိ ဖြစ်ပါသဖြင့် မမှတ်ပုံတင်ရသေးသော စက်ဘီးအားကစားသမားများအနေဖြင့် အချိန်မီ မှတ်ပုံတင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မှတ်ပုံတင်ရန် - https://cyclings.live

အထူးသဖြင့် အမျိုးသမီး စက်ဘီးအားကစားသမားများအနေဖြင့်လည်း ပါဝင်ယှဉ်ပြိုင်ကြပါရန် အလေးအနက် ဖိတ်ခေါ်အပ်ပါသည်။

လက်ရှိအချိန်တွင် အမျိုးသမီးပြိုင်ပွဲအတွက် စာရင်းသွင်းသူဦးရေ မလုံလောက်နိုင်သေးသည့် အခြေအနေရှိနေပါသည်။ ပါဝင်သူဦးရေ မလုံလောက်ပါက အမျိုးသမီးပြိုင်ပွဲကို ဖျက်သိမ်းရနိုင်သည့် အခြေအနေရှိပါသည်။

အမျိုးသမီး စက်ဘီးအားကစား တိုးတက်ရေးအတွက် ပါဝင်ယှဉ်ပြိုင်မှုသည် အလွန်အရေးကြီးပါသည်။

ကျေးဇူးပြု၍ ညနေ ၄:၀၀ နာရီ မတိုင်မီ မှတ်ပုံတင်ပေးကြပါရန် ထပ်မံမေတ္တာရပ်ခံအပ်ပါသည်။

Myanmar Cycling Federation