cyclings.livecyclings.liveMyanmar cycling calendar

NC26 · National Championship 2026

Media Centre

Back

6/7/2026

နိုင်ငံ့အကောင်းဆုံး စက်ဘီးအားကစားသမားများကို ရှာဖွေမည့် ပြိုင်ပွဲကြီး

Main Registration Invitation

နိုင်ငံ့အကောင်းဆုံး စက်ဘီးအားကစားသမားများကို ရှာဖွေမည့် ပြိုင်ပွဲကြီး

၆၄ ကြိမ်မြောက် မြန်မာနိုင်ငံ တံခွန်စိုက်ဖလားပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်စာရင်းပေးသွင်းမှုများ လက်ခံလျက်ရှိကြောင်း ကြေညာခြင်း။

Registrations are open for the 64th Myanmar National Cycling Championship 2026.

၂၀၂၆ ခုနှစ် (၆၄) ကြိမ်မြောက် မြန်မာနိုင်ငံ တံခွန်စိုက်ဖလားပြိုင်ပွဲ

နိုင်ငံ့အကောင်းဆုံး စက်ဘီးအားကစားသမားများကို ရှာဖွေမည့် ပြိုင်ပွဲကြီး

ပြိုင်ပွဲဝင်စာရင်းပေးသွင်းမှုများ လက်ခံလျက်ရှိပါသည်။

စာရင်းပေးသွင်းရန် နောက်ဆုံးရက် - ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်

ယခုနှစ်ပြိုင်ပွဲသည် Road Race နှင့် Criterium ရလဒ်များအပေါ် မူတည်၍ တံခွန်စိုက်ဖလား အမှတ်တွက်ချက်မှု ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ့စက်ဘီးအားကစားလောက၏ အကောင်းဆုံးအားကစားသမားများကို စစ်မှန်စွာ ဖော်ထုတ်မည့် ပြိုင်ပွဲဖြစ်ပါသည်။

ပြိုင်ပွဲအစီအစဉ်

၂၆ ဇွန် ၂၀၂၆ - Road Race, လှည်းကူး

၂၇ ဇွန် ၂၀၂၆ - MTB XCO, တိုက်ကြီး / Mirror Mountains

၂၈ ဇွန် ၂၀၂၆ - Criterium, သုဝဏ္ဏကွင်း အပြင်ပတ်လမ်း နှင့် ဆုပေးပွဲအခမ်းအနား

စာရင်းပေးသွင်းရန်၊ ပြိုင်ပွဲအချက်အလက်နှင့် Registration Status - https://cyclings.live

တံခွန်စိုက်ဖလားကို ဘယ်သူက ဆွတ်ခူးသွားမလဲ။ အဖြေကို ပြိုင်ပွဲလမ်းကြောင်းပေါ်မှာ အတူတူ ရှာဖွေကြရအောင်။

မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် (MCF)