6/8/2026
The Global New Light of Myanmar တွင် ဖော်ပြခံရခြင်း
Global New Light of Myanmar Media Mention

၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာ Sports ကဏ္ဍတွင် National Cycling Championship 2026 အကြောင်း ဖော်ပြခံရခြင်း။
The Global New Light of Myanmar featured the National Cycling Championship 2026 in its Sports section on 8 June 2026.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာ၏ Sports ကဏ္ဍတွင် ၂၀၂၆ ခုနှစ် (၆၄) ကြိမ်မြောက် မြန်မာနိုင်ငံ စက်ဘီး တံခွန်စိုက်ဖလားပြိုင်ပွဲ အကြောင်း ဖော်ပြခံရပါသည်။
ယခုနှစ် တံခွန်စိုက်ဖလားပြိုင်ပွဲသည် မြန်မာနိုင်ငံအတွင်း ကျင်းပမည့် စက်ဘီးအားကစားပြိုင်ပွဲများအနက် အကြီးမားဆုံးနှင့် အရေးပါဆုံး ပြိုင်ပွဲတစ်ခုအဖြစ် စီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ မြန်မာ့စက်ဘီးအားကစား၏ အဆင့်အတန်းနှင့် ပုံရိပ်ကို ပရိသတ်များ၊ မီဒီယာများနှင့် မိတ်ဖက်အဖွဲ့အစည်းများရှေ့တွင် ထင်ရှားစွာ ပြသနိုင်မည့် အခွင့်အရေးကြီးတစ်ခု ဖြစ်ပါသည်။
ပြိုင်ပွဲကျင်းပမည့်ရက် - ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ
ပြိုင်ပွဲများ - Road Race, MTB XCO, Criterium
စက်ဘီးအားကစားသမားများ၊ အသင်းများနှင့် ကလပ်များအနေဖြင့် စောစီးစွာ registration ပြုလုပ်ခြင်းသည် အရေးကြီးပါသည်။
ပြိုင်ပွဲအချက်အလက်နှင့် Registration Status - https://cyclings.live
တံခွန်စိုက်ဖလားပြိုင်ပွဲလမ်းကြောင်းပေါ်မှာ မြန်မာ့စက်ဘီးအားကစား၏ အကောင်းဆုံးပုံရိပ်ကို အတူတကွ ပြသကြပါစို့။
မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် (MCF)