5/22/2026
၆၄ ကြိမ်မြောက် မြန်မာနိုင်ငံ စက်ဘီး တံခွန်စိုက်ပြိုင်ပွဲ ၂၀၂၆ ကျင်းပမည်
Event Announcement

အားကစားရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် MCF မှ ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ National Cycling Championship 2026 ကျင်းပမည်ဖြစ်ကြောင်း ကြေညာခြင်း။
The Myanmar National Cycling Championship 2026 will be held from 26 to 28 June 2026.
၆၄ ကြိမ်မြောက် မြန်မာနိုင်ငံ စက်ဘီး တံခွန်စိုက်ပြိုင်ပွဲ ၂၀၂၆ ကျင်းပမည်။
အားကစားရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် (MCF) မှ ကျင်းပပြုလုပ်မည့် ၆၄ ကြိမ်မြောက် မြန်မာနိုင်ငံ စက်ဘီးတံခွန်စိုက်ပြိုင်ပွဲ ၂၀၂၆ ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတစ်ဝှမ်းရှိ စက်ဘီးအားကစားသမားများအနေဖြင့် ယခုတံခွန်စိုက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကြိုတင်လေ့ကျင့်ပြင်ဆင်ထားကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
ပြိုင်ပွဲအစီအစဉ်
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် - Road Race, လှည်းကူး
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် - MTB XCO, တိုက်ကြီး - Mirror Mountains
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် - Criterium, သုဝဏ္ဏ Stadium Track
ဆုပေးပွဲအခမ်းအနား - မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်၊ သုဝဏ္ဏ
တံခွန်စိုက်ပြိုင်ပွဲ အမှတ်တွက်ချက်မှုတွင် Road Race နှင့် Criterium ပြိုင်ပွဲများမှ ရရှိသော အမှတ်များကိုသာ ထည့်သွင်းတွက်ချက်သွားမည်ဖြစ်ပါသည်။ MTB ပြိုင်ပွဲအား သီးခြားပြိုင်ပွဲအဖြစ် ကျင်းပသွားမည်ဖြစ်ပါသည်။
ပြိုင်ပွဲအချက်အလက်နှင့် Registration Status - https://cyclings.live
တံခွန်စိုက်ပြိုင်ပွဲတွင် မြန်မာ့စက်ဘီးအားကစားသမားများ၏ အကောင်းဆုံးစွမ်းဆောင်ရည်များကို မြင်တွေ့ရမည့်အချိန်ကို စောင့်မျှော်လျက်ရှိပါသည်။
မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် (MCF)